Saturday, February 18, 2017

The Case Of Silver Blaze (Part - 1)

The Case Of Silver Blaze (Part - 1)

တခုသော စနေနေ. မနက်တခုတွင် ကျွ န်ုပ်သည် Sherlock ဆီမှ အောက်ပါ Message တစောင်ကို ရသဖြင့် Sherlock နေထိုင်ရာ 221 B Baker Street သို့ ထွက်လာခဲ့လေသည် ။

Dart Moor ကို သွားဖို.ရှိတယ် Watson
ငါ့နဲ. အတူ လိုက်ခဲ့ပါ
SH

အိမ်သို.ရောက်သောအခါ Sherlock သည် သူ၏ ကော်ဖီခွက်ကို မွှေနေရင်း

SH : ကောင်းသော မနက်ခင်းပါ Watson ။ ငါတို. Dart Moor ကို သွားဖို. ပြင်ဆင်ထားပါတယ် ။ ဒီတခါတော့ အလွန်ကြီးမားတဲ့ ခွေးကြီး ကိစ္စတော့ မဟုတ်ပါဘူး (The Hound Of The Baskervilles) ။ အခု နာမည်ကြီးနေတဲ့ ပြိုင်မြင်းကိစ္စပါ ။

WS : Sliver Blaze မြင်း မဟုတ်လား Sherlock ?

SH : ဟုတ်တယ် Watson ။ ဒီ Case က မင်းရဲ. အချိန်တွေ အချည်းနှီးကုန်ဆုံးစေမဲ့ Case တခုမဟုတ်ဘူးဆိုတာကို ငါ အာမခံတယ် ။ မင်းရဲ. Blog အတွက် ရေးစရာအသစ် ရတာပေါ့ Watson။

WS : ဟုတ်ပါပြီ ငါလိုက်ခဲ့ပါ့မယ်။ ဒါပေမဲ့ ငါတခုမေးပါအုံးမယ် Inspector Lestrade က ဒီ Case အတွက် မင်းဆီ ဖုန်းဆက်ထားတာ လွန်ခဲ့တဲ့ ၃ ရက်ကတည်းက မဟုတ်ဖူးလား ? ဘာလို.အခုမှ ငါတို.သွားရတာလဲ?

SH : အမှန်တော့ ငါ့တွက်ကိန်း ဒီတခါတော့ လွဲချော်သွားတယ် လို.ပဲ ၀န်ခံရမှာပေါ့ Watson ။ ငါတွက်ထားတာက England မှာ နာမည်ကြီးနေတဲ့ မြင်းတကောင်ကို ဘယ်သူမှ ရေရှည်တိတ်တိတ်လေး မ၀ှက်ထားနိုင်ဘူး အထူးသဖြင့် Dart Moor လို ကွင်းပြင်ကျယ်တွေများပြားတဲ့ ဒေသမှာဆို ပိုပြီးတော့တောင် မဖြစ်နိုင်ဘူးလို. ငါတွက်ထားတာ ။ ဒါကြောင့် Silver Blaze မြင်းကို ယူပြီး Trainer ဖြစ်တဲ့ John Straker ကို သတ်တဲ့သူကို မိပြီဆိုတဲ့ သတင်းကို ငါထိုင်စောင့်နေတာ ။ ဒါပေမဲ့ အချိန်တွေ တနာရီပြီး တနာရီသာ ကုန်သွားတယ် ဒီ Case နဲ. ပတ်သက်လို. နောက်ထပ် ဘာသတင်းမှ ထူးထူးခြားခြား မရတာကြောင့် ငါ ထွက်လိုက်ဖို. သင့်ပြီလို. ဆုံးဖြတ်လိုက်တာ ။

WS : ဒါနဲ. သတင်းစာထဲမှာ ငါတွေ.တာကျတော့ Fitzroy Simpson ဆိုတဲ့ သူကို ရဲက ဖမ်းမိထားပြီဆို

SH : ဟုတ်တယ် ဒီ Case မှာ လောလောဆယ် သံသယဖြစ်စရာ အကောင်းဆုံးက သူပဲမို.လို.
ရဲအလုပ်ရဲလုပ်တယ်လို.ပဲ ဆိုကြပါစို. ။ ကဲ အခု လောလောဆယ် ငါတို.ကို ကြိုဖို. Dart Moor က လွှတ်လိုက်တဲ့ကားလည်း ရောက်ဖို. ဒီရောက်ဖို.ကို ၁ နာရီခွဲလောက်ကြာဦးမှာဆိုတော့ ဒီ Case နဲ. ပတ်သက်တဲ့
အချက်လေးတွေကို ငါပြောပြချင်တယ် ။

Sherlock သည် ထိုကဲ့သို. ပြောဆိုပြီး သူ၏ အချက်အလက်များကို ဆက်လက်ပြောပြလေသည်။

SH : Silver Blaze ဆိုတဲ့ ၄ နှစ်သား England ပြိုင်မြင်းဟာ အင်မတန်ထူးခြားကောင်းမွန်တဲ့ မှတ်တမ်းတွေရှိတယ် သူက သူ.ပိုင်ရှင် Colonel Ross အတွက် ဆုတံဆိပ်တော်တော်များများ ရယူပေးထားနိုင်တယ် ။ သူ.ရဲ. လက်ရှိ Trainer က John Straker ဟာဆိုရင်လည်း အရင်ကတည်းက Colonel Ross ဆီမှာ ၅ နှစ်လောက် Jockey လုပ်နေပြီးတော့ အခု အသက်အရွယ်ရလာလို. Trainer ပြန်လုပ်နေတာ ၇ နှစ်လောက်ရှိတဲ့
သစ္စာရှိပြီး ယုံကြည်ရတဲ့သူ တယောက်ဖြစ်တယ် ။ အခု ရက်ပိုင်းအတွင်း ပြိုင်ဖို.ရှိတဲ့ Dart Moor Wessex Cup မှာ ပထမစွဲဖို. ရေပန်းအစားဆုံး မြင်း ။ မြင်းလောင်းတဲ့သူတွေရဲ. ငွေကြေးအကျိုးအမြတ်ရစေတဲ့ ဒီမြင်းကို အခုလာမဲ့ ပွဲမှာလည်း ပုံအောလောင်းမဲ့သူတွေ မနည်းလောက်ဘူး ။ ဒါပေမဲ့ တခြားတဘက်က ကြည့်ရင်လည်း ဒီမြင်းကို Wessex Cup မှာ မပြိုင်စေချင်တဲ့ သူတွေလည်း ရှိနိုင်တယ် ။ ဒါကြောင့် Colonel Ross က သူ.မြင်းဇောင်းကို ကြိုတင်ကာကွယ်မှုတွေ လုပ်ထားခဲ့တယ် ။ Trainer John Straker လက်အောက်မှာ
မြင်းဇောင်းကို စောင့်ဖို. လူငယ် ၃ယောက် ထားထားတယ် ။ အဲ့ဒီ ၃ ယောက်ထဲက တယောက်စီ
အလှည့်ကျ ညတိုင်း မြင်းဇောင်းကို စောင့်ရတယ် ။ ကျန်တဲ့သူ ၂ယောက်ကတော့ မြင်းဇောင်းအပေါ်ထပ်မှာ တက်အိပ်တယ် ။ Trainer John Straker ကိုယ်တိုင် အိမ်ထောင်သည်ဖြစ်တဲ့အတွက် မြင်းဇောင်းနဲ.
ပေ ၂၀၀ လောက် ဝေးတဲ့နေရာမှာ သူ.မိန်းမနဲ. နေတယ် သူ.အိမ်မှာ အစေခံမိန်းကလေးတယောက်ထားတယ်။ သူတို.မှာ သားသမီး မရှိကြဘူး ။ မြင်းဇောင်းနားမှာ အဲ့ဒါက လွဲလို. ၂ မိုင်အကွာအဝေးအတွင်းက မြေလွတ်မြေရိုင်းတွေဖြစ်ပြီး ဘယ်သူမှ မနေထိုင်ကြဘူး ။ ၃ မိုင်လောက် အကွာအဝေးမှာတော့ ဂျစ်ပစီလူမျိုးတွေ လယ်ထွန်ပြီးနေကြတာပဲ ရှိတယ် ။ ဒါက ဒီ Case မဖြစ်ခင် အခြေအနေ ။

ဒီ Case မဖြစ်ခင် ညနေမှာ Trainer John Straker က မြင်းကို ပုံမှန်အတိုင်းပဲလေ့ကျင့်ပေးပြီးတော့
ရေတိုက်ပြီး မြင်းဇောင်းထဲမှာ သိမ်းလိုက်ပြီး မြင်းဇောင်းကို သော့ခတ်လိုက်တယ် ။ မြင်းဇောင်းမှာ နေနေတဲ့ အကူလူငယ် ၃ယောက်ထဲက ညအိပ်စောင့်ဖို. အလှည့်မကျတဲ့ ၂ယောက်က Trainer John Straker အိမ်ကို ညစာစားဖို. ည ၈ နာရီမှာ သွားတယ် ။ ညစောင့်ဖို. အလှည့်ကျတဲ့ လူငယ် Ned Hunter က မြင်းဇောင်းမှာ
ကျန်နေခဲ့တယ် ။ ည ၈ နာရီခွဲမှာ Trainer John Straker အိမ်က အစေခံမိန်းကလေးက မြင်းဇောင်းမှာ အစောင့်အနေနဲ. ကျန်နေခဲ့တဲ့ Ned Hunter အတွက် ညစာကို သွားပို.တယ် ဟင်းက သိုးသားဟင်းနဲ. ။
မြင်းဇောင်းကို သွားတဲ့လမ်းက မှောင်ရိပ်ရှိတဲ့အတွက် သူမက ဓာတ်မီးတလက်ဆောင်လာတယ် ။
သူမ မြင်းဇောင်းကို ရောက်ဖို. ပေ ၃၀ လောက်အလိုမှာ အမှောင်ထဲက လူစိမ်းတယောက်က ထွက်လာပြီး
လမ်းပျောက်နေတာကြောင့် အခု သူဘယ်နေရာရောက်နေလဲဆိုတာ ပြောပြဖို.မေးတယ် ။ အဲဒီလူစိမ်းက
အညိုရောင် Suit ကို ၀တ်ထားပြီး သိုးမွှေးဦးထုပ်ကို ဆောင်းထားတယ် သူ.လက်ထဲမှာ ထိပ်မှာဘုလုံးတပ်ထားတဲ့ လမ်းလျှောက်တုတ်ကို ကိုင်ထားတယ် ။ သူမက King Pylan (Silver Blaze) ရှိတဲ့ မြင်းဇောင်းနားကို ရောက်နေကြောင်း ပြောပြတဲ့အခါမှာ လူစိမ်းက ၀မ်းသာအားရဖြစ်သွားပြီး သူမကို မြင်းဇောင်းမှာ
ညစောင့်ကျနေတဲ့ လူငယ်ဆီကို ခေါက်ထားတဲ့ စာတစောင်ပေးပေးဖို. သူမကို ငွေကြေးနဲ. စည်းရုံးတယ် ။

Watson : အဲ့ဒီ လူစိမ်းဟာ Fitzroy Simpson မဟုတ်လား?

Sherlock : ဟုတ်တယ် Watson ။ အစေခံမိန်းကလေးမှာ Simpson ရဲ. စည်းရုံးမှုကို ငြင်းပယ်ပြီး မြင်းဇောင်းဆီကို အပြေးတပိုင်း ထွက်လာခဲ့တယ် ။ ပြီးတော့ မြင်းဇောင်းက ညစာကမ်းပေးနေကျ
ပြတင်းပေါက်ကလေးရဲ. စားပွဲမှာ တင်ထားလိုက်တယ် ။ အဲ့ဒီအချိန်မှာပဲ Simpson က မြင်းဇောင်းက
ပြတင်းပေါက်ကလေးနားကို ရောက်လာပြီး အထဲမှာ ထိုင်နေတဲ့ အစောင့်လူငယ်လေးကို ငွေကြေးနဲ.
သူ.အတွက် Tips ရဖို. ဆက်လက်စည်းရုံးနေတာကြောင့် အစောင့်လူငယ်က တိုင်မှာချည်ထားတဲ့ခွေးကို ဖြုတ်ဖို. အတွင်းကို ပြေးအ၀င်မှာ အစေခံမိန်းကလေးဟာ မြင်းဇောင်းနားမှာ ရောက်နေတဲ့
လူစိမ်းအကြောင်းကို ပြောပြဖို. Trainer အိမ်ကို ပြေးသွားခဲ့တယ် ။ အစေခံမိန်းကလေးဟာ
အဲ့ဒီလို ပြေးထွက်သွားနေပြီး နောက်ကို တချက်လှည့်ကြည့်မိတဲ့ အချိန်မှာ လူစိမ်းက
ပြတင်းပေါက်အသေးလေးကနေပြီး တခုခုလှမ်းလုပ်နေတာကို အမှတ်မထင်တွေ.ခဲ့ရတယ် ။
မြင်းဇောင်းအစောင့်လူငယ်လေး Hunter ကခွေးနဲ. မြင်းဇောင်းအနီးအနားမှာ လူစိမ်းကို လိုက်ရှာခဲ့ပေမဲ့
အရိပ်အယောင်တောင် မတွေ.ခဲ့ဘူး ။

Watson : ဒါနဲ. အဲ့ဒီ မြင်းဇောင်းအစောင့်လူငယ်လေးက ခွေးကိုဆွဲပြီး လူစိမ်းကို ထွက်ရှာနေတဲ့အချိန်မှာ
မြင်းဇောင်းတံခါးကို ပိတ်ခဲ့သလား ?

Sherlock : သိပ်ကောင်းတဲ့ မေးခွန်းပဲ Watson ။ ငါလည်း အဲ့ဒီကိစ္စကို သံသယဖြစ်လို. Inspector ဆီကို
ဖုန်းပြန်ဆက်ပြီး မေးကြည့်ခဲ့တယ် ။ မြင်းဇောင်းအစောင့်လူငယ်လေးက လူစိမ်းကို ထွက်မရှာခင် မြင်းဇောင်းတံခါးကို သေသေချာချာ ပိတ်ထားခဲ့တယ် ။

Watson : ဒါဖြင့် ညစာကမ်းပေးတဲ့ ပြတင်းပေါက်ကရော လူဝင်လို.ရနိုင်လား Sherlock ?

Sherlock : မရနိုင်ဘူး ။ အဲ့ဒီ ပြတင်းပေါက်လေးက ညစာကမ်းပေးဖို.အတွက် သက်သက်ပဲ
လုပ်ထားတာဖြစ်တဲ့အတွက် လူတယောက် ၀င်ဖို. ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ ပြီးတော့
မြင်းဇောင်းအစောင့်လူငယ်လေးကလည်း လူစိမ်းကို ရှာမတွေ.တော့တဲ့အတွက် ချက်ချင်းပဲ
မြင်းဇောင်းထဲကို ပြန်ဝင်လာပြီး မြင်းဇောင်းကို သော့ခတ်ပြီး အရင်အတိုင်းပဲ အထဲကနေ ထိုင်စောင့်နေတယ် ။ အစေခံမိန်းကလေး Trainer John Straker အိမ်ကို ပြန်ရောက်ပြီး အကျိုးအကြောင်းစုံကို ပြောပြလိုက်တဲ့အခါမှာ Trainer John Straker ဟာ တော်တော်လေးထိန်.လန်.နေတဲ့ အမူအရာ ဖြစ်နေတယ် ။ အဲ့ဒီည ၁ နာရီလောက်မှာ Trainer John Straker ဟာ သူ.မြင်းအတွက် စိတ်ပူလို.ဆိုပြီး အ၀တ်အစားလဲပြီး သူအရင်ကတည်းက သုံးနေကျ LED မီးအိမ်ကို ဆွဲပြီး မိုးရွာနေတဲ့ထဲက မြင်းဇောင်းကို ထွက်သွားခဲ့တယ် ။ သူ.မိန်းမ Mrs Straker က မိုးရွာနေလို. မနက်စောစောမှ ထလိုက်သွားဖို. ပြောခဲ့ပေမဲ့ မရခဲ့ဘူး ။

Watson : တော်တော်ဇွဲကောင်းတဲ့သူပါပဲ ။

Sherlock : Mrs Straker မနက် ၇ နာရီ အိပ်ရာက နိုးတော့ သူ.ယောကျာင်္း Trainer John Straker
ပြန်မရောက်သေးတာကြောင့် အ၀တ်အစားလဲပြီး အစေခံမိန်းကလေးနဲ.အတူ မြင်းဇောင်းကို ထွက်ခဲ့ကြတယ် ။ မြင်းဇောင်းကို ရောက်တော့ အရင်က သော့ခတ်ထားတဲ့ မြင်းဇောင်းတံခါးဟာ ပွင့်နေပြီး Silver Blaze ကိုလည်း မတွေ.ရတဲ့အပြင် မြင်းဇောင်းအစောင့်လူငယ် Ned Hunter ဟာလည်း ဆေးတခုခုကြောင့် နှိုးလို.မရအောင် အိပ်ပျော်နေတာကို တွေ.လိုက်ကြတယ် ။ ဒါကြောင့် Mrs Straker နဲ. သူ. အစေခံမိန်းကလေးဟာ အပေါ်ထပ်မှာ အိပ်နေတဲ့ လူငယ်လေး ၂ယောက်ကို မေးမြန်းပေမဲ့ ညက ထူးထူးခြားခြား ဘာသံမှ
မကြားခဲ့ကြောင်းပဲ အဖြေပေးနိုင်ကြတယ် ။ ဒါနဲ. သူတို.ဟာ နှိုးမရတဲ့ Ned Hunter ကို မြင်းဇောင်းမှာ ထားခဲ့ပြီး မြင်းဇောင်းအနီးတ၀ိုက်ကို လိုက်ရှာခဲ့ကြတယ် ။ Trainer John Straker များ စောစောစီးစီး မြင်းကို လေ့ကျင့်ပေးနေသလားဆိုတဲ့ မျှော်လင့်ချက်နဲ.ပေါ့ ။ မြင်းဇောင်းအနီးအနားမှာ Silver Blaze နဲ.
သူ. Trainer Mr Straker ရဲ. အရိပ်အယာင်တောင် မတွေ.ခဲ့ကြပေမဲ့ မြင်းဇောင်းနေရာတခုလုံးကို အပေါ်ကနေ စီးမြင်နိုင်တဲ့ ကုန်းမြင့်တခုကနေ သူတို. လှမ်းကြည့်မိတဲ့အခါမှာတော့ သာမာန်မဟုတ်တဲ့ ထူးခြားမှုတခုကို တွေ.ရှိခဲ့ကြတယ် ။